Hepatitis Health Undertaking (အသည်းရောင် အသားဝါရောဂါ ရှိ၊ မရှိ ကျန်းမာရေး စစ်ဆေးရမည့် တာဝန်)
သင်၏ ဗီဇာခွင့်ပြုချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင်သည် အသည်းရောင်အသားဝါ B သို့မဟုတ် C ပိုးအတွက် နောက်ဆက်တွဲ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် သြစတြေးလျအစိုးရနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဤသည်မှာ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ရန် သဘောတူ ခံဝန်ချက်ဖြစ်သည်။
ဤနောက်ဆက်တွဲ ကျန်းမာရေး စစ်ဆေးမှုသည် သင့်ကျန်းမာရေး အတွက် အရေးကြီးသည်။ သင်သည် ကျန်းမာရေး ကောင်းမွန်နေလျှင်ပင် သွေးစစ်ရမည် ဖြစ်သည်။ အသည်းရောင် အသားဝါ ဘီပိုး သို့မဟုတ် စီပိုး ရှိသူ အများအပြားတွင် ရောဂါလက္ခဏာ မပြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရောဂါပိုးက အသည်းကို ပျက်စီးစေပြီး ကင်ဆာရောဂါကိုပင် ဖြစ်ပွားစေနိုင်သည်။
အသည်းရောင် အသားဝါရောဂါ ဘီပိုးနှင့် စီပိုး အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုပါ -
လုပ်ဆောင်ရမည့် အချက်များ
သင့် ကျန်းမာရေး စစ်ဆေးမှု ပြီးမြောက် ပြည့်စုံ ရန် အောက်ပါတို့ကို လုပ်ဆောင်ရမည် ဖြစ်သည် -
1) တစ်လအတွင်း ဆရာဝန် တစ်ယောက်ယောက် နှင့် ပြသရန် ရက်ချိန်း ယူပါ။
2) ဆရာဝန် နှင့် ရက်ချိန်းသွားတွေ့ သည့် အခါ ဤ စာ များ ကို တပါတည်း ယူ ဆောင် သွား ပြီး ဆရာဝန် ကို ပြပါ။
သင့် ဆရာဝန်သည် သင့်အား အသည်းရောင် အသားဝါ B သို့မဟုတ် C ပိုး ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ ၎င်းတို့သည် သင့်အား ရလဒ်ကို ပြောပြပြီး လိုအပ်ပါက အချက်အလက်နှင့် လို အပ်သည့် ကုသမှု ကို ပေးမည်ဖြစ်သည်။
သင့်ဆရာဝန်သည် သင် နှင့် ရက်ချိန်း ယူထားကြောင်း ပြည်သူ့ ကျန်းမာရေး ဌါန ကို အသိပေးမည်ဖြစ်ပြီး၊ ၎င်း နောက် သင့် အသည်းရောင် ရောဂါ နှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ပြီး ကြောင်း Department of Home Affairs (ပြည်ထဲရေးဌာန) ပြည်သူ့ကျန်းမာရေးဌာနသို့ အကြောင်း ကြားမည်ဖြစ်ပါသည်။
အကူအညီ ရယူနည်း
ဆရာဝန် ရှာဖွေရာတွင် အကူအညီ ရယူခြင်း
ဆရာဝန် ရှာဖွေရာတွင် အကူအညီ လိုအပ်ပါက Health Direct
Service Finder ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး အထွေထွေရောဂါကု ဆရာဝန် (GP) ကို ရှာဖွေပါ (သို့မဟုတ်) 1800 022 222 သို့ ဖုန်းခေါ်ဆိုပါ။
ဘာသာစကား အကူအညီ ရယူခြင်း
စကားပြန် လိုအပ်ပါက 131 450 သို့ ဖုန်းခေါ်ဆိုပါ (သို့မဟုတ်)
ဘာသာပြန်နှင့် စကားပြန် ဝန်ဆောင်မှု ဝက်ဘ်ဆိုက် သို့ ဝင်ရောက် ကြည့်ရှုပါ။
ဗီဇာဆိုင်ရာ အကူအညီ ရယူခြင်း
ဗီဇာ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းစရာများ
ရှိပါက ပြည်ထဲရေးဌာန ဝက်ဘ်ဆိုက် သို့ ဆက်သွယ်ပါ။