သင့်အနေဖြင့် ဆေးဘက်ဆိုင်ရာ အကူအညီ ချက်ချင်းရယူရန် လိုအပ်နေပါသလား။
အရေးပေါ်မဟုတ်သည့် ကျန်းမာရေးပြဿနာများအတွက် ဆေးဝါးကုသမှု အခမဲ့ အမြန်ဆုံး ရယူရန် healthdirect ၏ ဖုန်းနံပါတ်
1800 022 222 သို့ ဖုန်းခေါ်ဆိုပါ။
ဤစာမျက်နှာတွင်
-
ဝန်ဆောင်မှုအကြောင်း
-
ဝန်ဆောင်မှု ရယူခွင့် ရှိသူများ
-
ဝန်ဆောင်မှု ရယူအသုံးပြုနည်း
-
ဝန်ဆောင်ခနှင့် ကုန်ကျစရိတ်များ
-
တည်နေရာများ
-
ဖွင့်လှစ်ချိန်
-
အစိုးရ၏ ကတိကဝတ်များ
-
အရင်းအမြစ်များ
ဝန်ဆောင်မှုအကြောင်း
အရေးပေါ်ဌာနများအပေါ် ဖိအားများ လျှော့ချရာတွင် အထောက်အကူပြုရန် Urgent Care ဝန်ဆောင်မှုကို NSW ပြည်နယ်တွင် ဖော်ဆောင်လျက်ရှိသည်။
ဤဝန်ဆောင်မှုများသည် ပြည်သူများအား အရေးပေါ် မဟုတ်သည့် ဖျားနာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုကို အလုပ်များသော အရေးပေါ်ဌာနများတွင် စောင့်ဆိုင်းရန်မလိုဘဲ အမြန်ဆုံး ကုသပေးလျက်ရှိသည်။
ယင်းဝန်ဆောင်မှု အများစုတွင် ဆရာဝန်များနှင့် ဓာတ်မှန်၊ ရောဂါဗေဒ အပါအဝင် ရောဂါရှာဖွေရေးကိရိယာများ ရှိထားပြီးဖြစ်သောကြောင့် အခြေအနေ အမျိုးမျိုးတွင် ကုသနိုင်ပါသည်။ အရေးပေါ် အခြေအနေအဖြစ် ထည့်သွင်းစဉ်းစားလေ့မရှိသည့် ဖျားနာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှု နမူနာ အချို့မှာ -
- သာမန် ထိခိုက်ရှနာဖြစ်ခြင်း၊
- အဆစ်လွဲခြင်း သို့မဟုတ် အရိုးကျိုးသည်ဟု သံသယဖြစ်ခြင်း
- အားကစားပြုလုပ်စဉ် ထိခိုက်ဒဏ်ရာ ရရှိခြင်း
- မပြင်းထန်သော ကူးစက်ရောဂါများ
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)
- အရေပြား အပူလောင်ခြင်း
- အဖုအပိမ့်များထွက်ခြင်း
- အင်းဆက်ပိုးမွှားနှင့် အကောင်ကိုက်ခြင်း
- ချောင်းဆိုးခြင်း၊ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးဖြစ်ခြင်း၊
- မပြင်းထန်သော ပန်းနာရင်ကျပ်ရောဂါထခြင်း၊
- နားကိုက်ခြင်း၊
- ဖျားနာခြင်း သို့မဟုတ် ချမ်းတုန်ခြင်း။
ဝန်ဆောင်မှု ရယူခွင့်ရှိသူများ
သင်သည် အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင် ဝန်ဆောင်မှုကို ရယူခွင့်ရှိနိုင်သည်-
- NSW ပြည်နယ် သို့မဟုတ် ၎င်းနယ်စပ်အနီးတွင် တည်ရှိသည့် လူ့အသိုက်အဝန်းတွင် နေထိုင်သူဖြစ်ခြင်း၊
- အရေးပေါ်မဟုတ်သော အပြင်းအထန် ဒဏ်ရာရရှိမှု သို့မဟုတ် ဖျားနာမှုကို ကြုံတွေ့ရခြင်း၊
- နောက် ၂ နာရီမှ ၁၂ နာရီအတွင်း ဆေးဝါးကုသမှုခံယူရန် လိုအပ်နေခြင်းနှင့်
- သင်၏ အထွေထွေရောဂါကု ဆရာဝန်(GP) သို့မဟုတ် အနီးအနားရှိ ဆေးရုံ၊ ဆေးခန်းများနှင့် ကြိုတင်ချိန်းဆိုချက် ပြုလုပ်၍ မရခြင်း။
ဝန်ဆောင်မှု ရယူအသုံးပြုနည်း
Healthdirect ၏ ဖုန်းနံပါတ်
1800 022 222 သို့ မချိန်မရွေး (တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်) အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါသည်။
မှတ်ပုံတင်ထားသော သူနာပြု (RN) က သင့်ဖုန်းကို လက်ခံဖြေဆိုပြီး သင့်အခြေအနေနှင့်ပတ်သက်၍ မေးခွန်းအချို့ မေးမြန်းသွားမည် ဖြစ်သည်။
သူနာပြု၏ ဆန်းစစ်အကဲဖြတ်ချက်အပေါ် မူတည်၍ သင့်အား Urgent Care Service သို့ လွှဲပြောင်းပေးနိုင်ပါသည်။
သင့်အား Urgent Care Service သို့ လွှဲပြောင်းပါက ဝန်ဆောင်မှုကို ရယူနိုင်မည့် အသေးစိတ်အချက်အလက်များအား မှတ်ပုံတင်ထားသည့် သူနာပြုက ပေးအပ်သွားမည်ဖြစ်သည်။
သင့်အခြေအနေအပေါ် မူတည်၍ မှတ်ပုံတင်ထားသော သူနာပြုက အခြားရွေးချယ်စရာ တခုခုကို အကြံပြုနိုင်သည်။
ထပ်ဆောင်း အကူအညီများ လိုအပ်နေပါသလား။
- ဘာသာစကား အကူအညီအတွက် ဘာသာပြန်နှင့်စကားပြန်ဝန်ဆောင်မှု (TIS) ၏ ဖုန်းနံပါတ်
131 450 သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။
- အကြားအာရုံ သို့မဟုတ် စကားပြောဆိုမှု ဆိုင်ရာ အကူအညီအတွက်
National Relay Service သို့ ဆက်သွယ်နိုင်ပါသည်။
ဝန်ဆောင်ခနှင့် ကုန်ကျစရိတ်များ
Urgent Care ဝန်ဆောင်မှုသို့ လွှဲပြောင်းခြင်းခံရပါက သင်သည် အောက်ပါအချက်များနှင့်ကိုက်ညီလျှင် သင်၏ ကုသမှုနှင့်ပတ်သက်၍ အကုန်အကျခံစရာ မလိုပါ -
- တရားဝင် Medicare ကတ် ကိုင်ဆောင်ထားခြင်း၊
- ရပ်ရွာအခြေပြု ခိုလှုံခွင့်တောင်းခံထားသူ ဖြစ်ခြင်း
သင်သည် မည်သည့်အချက်နှင့်မျှ အကျုံးဝင် သက်ဆိုင်ခြင်းမရှိလျှင် သင့်အား အခြားဝန်ဆောင်မှုတွင် စောင့်ရှောက်မှုပေးနိုင်ပြီး ကုသမှုနှင့်ပတ်သက်၍ ကုန်ကျစရိတ်ရှိနိုင်ကြောင်း သိထားရမည် ဖြစ်သည်။
ငွေကြေးအခက်အခဲ တစုံတရာရှိပါက သင့်အခြေအနေနှင့်ကိုက်ညီမည့် အသင့်တော်ဆုံး ကုသမှုအတွက် ရွေးချယ်စရာနည်းလမ်းကို healthdirect က ပေးအပ်နိုင်ပါသည်။
တည်နေရာများ
Urgent Care Services သည် အောက်ပါနေရာများတွင် တည်ရှိပါသည် -
- Metropolitan Sydney
- Illawarra
- Central Coast
- Hunter Valley
- New England
- Mid North Coast
- Northern NSW
- Southern NSW
- Western NSW
သင်သည် အဆိုပါ ဒေသများ၏ ပြင်ပတွင် ရောက်ရှိနေလျှင်ဖြစ်စေ၊ ကုသရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု healthdirect ရှိ မှတ်ပုံတင်ထားသော သူနာပြုက ဆုံးဖြတ်လျှင်ဖြစ်စေ Urgent Care ဝန်ဆောင်မှုများကို တယ်လီကျန်းမာ(telehealth)မှ တဆင့်လည်း ရယူနိုင်ပါသည်။
ဖွင့်လှစ်ချိန်
Urgent Care Services ကို အများပြည်သူရုံးပိတ်ရက်များ အပါအဝင် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထားသည်။ ထို့ပြင် တယ်လီကျန်းမာ (telehealth)ကိုလည်း တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်ပတ်လုံး ရရှိနိုင်ပါသည်။
အစိုးရ၏ ကတိကဝတ်များ
NSW ပြည်နယ်အစိုးရက သြစတြေးလျအစိုးရနှင့်ပူးပေါင်းပြီး ပံ့ပိုးနေ၍သာ NSW ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် ပြည်သူများအား Urgent Care ဝန်ဆောင်မှုများကို ပေးအပ်နေနိုင်ခြင်းဖြစ်သည်။
NSW ပြည်နယ်အစိုးရသည် ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ပြည်နယ်အတွင်း Urgent Care ဝန်ဆောင်မှု ၂၅ ခု ကို ဖော်ဆောင်နိုင်ရေးအတွက် နှစ်နှစ်ကျော်အတွင်း ရန်ပုံငွေ ဒေါ်လာ ၁၂၄ သန်း ချထားပေးရန် ကတိပြုထားသည်။
သြစတြေးလျအစိုးရသည် NSW ပြည်နယ်တွင်
Medicare Urgent Care Clinics ဆေးခန်းများထူထောင်ရေး အတွက် ရန်ပုံငွေထောက်ပံ့ရန်လည်း ကတိပြုထားသည်။
အရင်းအမြစ်များ
ကျွန်ုပ်တို့တွင် အသင့်ရှိပြီးသား ဆက်သွယ်ရေး အရင်းအမြစ်များအား သင့်၏ ချန်နယ်များမှတစ်ဆင့် ဖြန့်ဝေခြင်းဖြင့် Urgent Care Services ဝန်ဆောင်မှုများအကြောင်း အများပြည်သူသိရှိရေး ဆောင်ရွက်ရာတွင် ကူညီပါ။
အရင်းအမြစ်များကို ကြည့်ပါ။