​​​​​​​​​​​​​​​​​​​​​​​​သင်သည် အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီ လိုအပ်နေပါသလား။

ယခုအခါ အရေးပေါ် အကူအညီ urgent care ရှိနေပြီ ဖြစ်သည်။

urgent care ဆိုသည်မှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ဆေးဘက်ဆိုင်ရာ ပြုစုကုသမှု အမြန်ဆုံး ရယူရန် လိုအပ်သော ကျန်းမာရေးကိစ္စများအတွက် ပေးအပ်သည့် ဝန်ဆောင်မှုဖြစ်သည်။

urgent care သည် ကျန်းမာရေးကတ် ကိုင်ဆောင်ထားသူများနှင့် ရပ်ရွာအခြေပြု ခိုလှုံခွင့် တောင်းခံထားသူများအတွက် အခမဲ့ ဖြစ်သည်။

Urgent care ဝန်ဆောင်မှုကို ရယူရန် Healthdirect ၏ ဖုန်းနံပါတ်ဖြစ်သော 1800 022 222 သို့ ၂၄ နာရီ/ ၇ ရက်ပတ်လုံး အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါသည်။

ဘာသာစကားအကူအညီ ရယူရန် TIS ပြည်တွင်း စကားပြန်ဝန်ဆောင်မှု ဖုန်းနံပါတ် 131 450 သို့ အရင်ဆုံး ဖုန်းခေါ်ဆိုပြီး Healthdirect သို့ ခေါ်ဆိုပေးရန် တောင်းဆိုပါ။

Healthdirect သည် ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်း နှင့် အကူအညီပေးရေး တယ်လီဖုန်း လိုင်းများမှ တစ်ဆင့် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အ လက်များနှင့် အကြံပြုချက်များ  ပေးအပ် နေသော အစိုးရက ရန်ပုံငွေ ကျခံ ပေးထားသည့် ဝန်ဆောင်မှု ဖြစ်သည်။

သူနာပြု တစ်ဦးက သင့်ဖုန်းကို လက်ခံ ဖြေဆို၍ မေးခွန်း တချို့ မေးမြန်းကာ သင်၏ကျန်းမာရေး လိုအပ်ချက်နှင့်အညီ သင့်တော်သည့် နေရာတွင် မှန်ကန်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ချိတ်ဆက်ပေးမည် ဖြစ်သည်။

Healthdirect သူနာပြုသည် အောက်ပါတို့ကို ဆောင်ရွက်ပေးနိုင်သည် -

  • သင့်အား ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူနှင့် ဖုန်း သို့မဟုတ် ဗွီဒီယို ခေါ်ဆိုမှုဖြင့် ချိတ်ဆက်ပေးခြင်း၊
  • ဒေသဆိုင်ရာ urgent care ဝန်ဆောင်မှုနှင့် ကြိုတင်ချိန်းဆိုချက် ပြုလုပ်ပေးခြင်း၊
  • ပုံမှန် ပြသနေကျ အထွေထွေရောဂါကု ဆရာဝန် သို့မဟုတ် ဆရာဝန် အပါအဝင် ဒေသတွင်းတွင် ရရှိနိ်ုင်သည့် အခြားသင့်တော်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် ချိတ်ဆက်ပေးခြင်း၊
  • အရေးပေါ် အခြေအနေတွင် သင့်အတွက် လူနာတင်ယာဉ် ခေါ်ပေးခြင်း သို့မဟုတ် အနီးဆုံး အရေးပေါ်ဌာနသို့ လမ်းညွှန်ပေးခြင်း၊

သင့်အနေဖြင့် ထပ်ဆောင်း အကူညီများ လိုအပ်နေပါသလား။

  • သင်သည် အကြားအာရုံ သို့မဟုတ် စကားပြောဆိုမှုဆိုင်ရာ အကူအညီ လိုအပ်လျှင် သင်နှင့်ကိုက်ညီမည့် ကြားခံနည်းလမ်းကို ရွေးချယ်နိုင်ရန် National Relay Service ၏ ဝက်ဘ်ဆိုက်ဖြစ်သော Access Hub သို့ ဝင်ရောက်ကြည့်ရှု၍ Healthdirect သို့ ခေါ်ဆိုပေးရန် တောင်းဆိုပါ။
  • အခြားအကူအညီ လိုအပ်လျှင် Healthdirect သို့ခေါ်ဆိုစဉ် သင့်ဖုန်းကို လက်ခံဖြေဆိုသည့် သူနာပြုအား ပြောပြပါ။

အရေးပေါ် အခြေအနေတွင် အမြဲတမ်း သုညသုံးလုံး (000) သို့ ခေါ်ဆိုပါ။

သင့်ကျန်းမာရေး ပြဿနာသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ် အခြေအနေ ဖြစ်ပါက အမြဲတမ်း သုညသုံးလုံး (000) သို့ ခေါ်ဆိုပါ။ 

အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ် အခြေအနေများတွင် အောက်ပါတို့ ပါဝင်သည် -

  • ရုတ်တရက် လဲကျခြင်း၊
  • ၁၀ မိနစ်ကျော်ကြာအောင် ရင်ခေါင်း အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်း
  • အသက်ရှုရ ခက်ခဲခြင်း၊
  • သွေးထွက်လွန်ခြင်း၊
  • စိုးရိမ်ရသည့် စိတ်ကျန်းမာရေး အခြေအနေများ၊

NSW ရှိ Urgent care ဝန်ဆောင်မှုဆိုင်ရာ သတင်းအချက်အလက်များ

အခြားကျန်းမာရေး ဝန်ဆောင်မှုများဖြင့် အမြန်ဆုံး သင့်တော်သလို ကုသ ပေးနိုင်သည့် urgent care ဝန်ဆောင်မှု လိုအပ် နေသော လူများစွာကြောင့် NSW ရှိ အရေးပေါ် ဌာနများ မှာ လွန်စွာ အလုပ်များနေကြရသည်။

NSW အစိုးရအနေဖြင့် ၂ နှစ်အတွင်း ၂၀၂၅ ခုနှစ် နှစ်လယ်၌ NSW တွင် urgent care ဝန်ဆောင်မှု ၂၅ ခု ဖော်ဆောင်ပေးနိုင်ရန် ရန်ပုံငွေ ဒေါ်လာ ၁၂၄ သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း ကတိပြုထားပြီး ဖြစ်သည်။

NSW လူ့အဖွဲ့အစည်းတွင် urgent care ဝန်ဆောင်မှု တိုးချဲ့ခြင်းအားဖြင့် အရေးပေါ် ဌာနများသည် အစိုးရိမ်ရဆုံး နာမကျန်း လူနာများ သို့မဟုတ် ဒဏ်ရာရ လူနာများကို အာရုံစိုက်ကုသပေးနိုင်ရန် အထောက်အကူ ပြုပါသည်။

NSW ရှိ urgent care ဝန်ဆောင်မှုနှင့် ပတ်သက်၍ အမေးအများဆုံး မေးခွန်းများ​

  • urgent care ဆိုသည်မှာ အသက်န္တရာယ် မစိုးရိမ်ရသည့် ဖျားနာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရှိမှုအတွက် ၂ နာရီမှ ၁၂ နာရီအတွင်း ပေးအပ်သော ဆေးဝါးကုသမှုဖြစ်သည်။ အဆိုပါ ဆေးဝါးကုသမှုကို အရေးပေါ်ဌာန၏ ပြင်ပတွင် ကျန်းမာရေးစောင့်ရှောက်မှုပုံစံတစ်မျိုးဖြင့် ဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်ပါသည်။
  • urgent care ဝန်ဆောင်မှုဆိုသည်မှာ အမြန်ဆုံး ဆေးဝါးကုသရန် လိုအပ်သော်လည်း အသက်န္တရာယ် မစိုးရိမ်ရသည့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်များအတွက် တစ်ကြိမ်တစ်ခါသာ ကာလတို ပေးအပ်သည့် ကျန်းမာရေးဝန်ဆောင်မှု ဖြစ်သည်။

    urgent care ဝန်ဆောင်မှုကို လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်း သို့မဟုတ် ဗွီဒီယို ခေါ်ဆိုမှုဖြင့် ဖြစ်စေ ပေးအပ်ခြင်း ဖြစ်သည်။​​

  • ပြည်သူများအနေဖြင့် အသက်န္တရာယ် မစိုးရိမ်ရသော်လည်း အမြန်ဆုံး ဆေးဝါးကုသမှုခံယူရန် လိုအပ်လျှင် ဖြစ်စေ၊ မကုသဘဲထားရန် မသင့်သည့် ကျန်းမာရေးကိစ္စများအတွက် ဒေသခံ အထွေထွေရောဂါကုဆရာဝန်နှင့် ချိတ်ဆက်၍ မရလျှင်ဖြစ်စေ urgent care ဝန်ဆောင်မှုကို အသုံးပြုသင့်ပါသည်။

    urgent care ဝန်ဆောင်မှုသည် ပြည်သူများအတွက် လိုအပ်သည့် ပြုစုကုသမှုကို အလုပ်များသော အရေးပေါ်ဌာနတွင် စောင့်ဆိုင်းရန် မလိုဘဲ အမြန်ဆုံး ပေးအပ်နိုင်ပါသည်။​

  • NSW တွင် နေထိုင်သည့် သို့မဟုတ် အလည်အပတ် ရောက်ရှိနေသည့် အသက်အရွယ်စုံ ပြည်သူများအနေဖြင့် urgent care လိုအပ်လျှင် healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ ဖုန်းခေါ်ဆို၍ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ urgent care ဝန်ဆောင်မှု အမျိုးမျိုးကို ရရှိနိုင်ပါသည်။ ဘာသာစကားအကူအညီ ရယူရန် TIS ပြည်တွင်း စကားပြန်ဝန်ဆောင်မှု ဖုန်းနံပါတ် 131 450 သို့ အရင်ဆုံး ဖုန်းခေါ်ဆိုပြီး Healthdirect သို့ ခေါ်ဆိုပေးရန် တောင်းဆိုပါ။

    healthdirect သို့ ၂၄ နာရီ/ ၇ ရက်ပတ်လုံး အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပါသည်။ ဖုန်းခေါ်ဆိုသူများသည် မှတ်ပုံတင်ထားသည့် သူနာပြုနှင့် စကားပြောဆိုရမည် ဖြစ်သည်။ ၎င်းတို့၏ အခြေအနေများနှင့် ပတ်သက်၍ သူနာပြုက မေးခွန်းအချို့ မေးမြန်းကာ urgent care ဝန်ဆောင်မှု အပါအဝင် သို့သော် ထိုတစ်ခုတည်းသာမက ၎င်းတို့၏ အခြေအနေနှင့် ကိုက်ညီသော သင့်တော်သည့် နေရာနှင့် တည်နေရာတို့ကို လမ်းညွှန်သွားမည် ဖြစ်သည်။

    လူကိုယ်တိုင် ပေးအပ်ရမည့် urgent care ဝန်ဆောင်မှုအချို့အတွက် ဖုန်းခေါ်ဆိုသူ၏ ကိုယ်စား healthdirect သူနာပြုက ကြိုတင်ချိန်းဆိုချက် ပြုလုပ်ပေးမည် ဖြစ်သည်။

    healthdirect သို့ ဖုန်းခေါ်ဆိုသူသည် အမျိုးသား သို့မဟုတ် အမျိုးသမီး သူနာပြုဖြင့် စကားပြောဆိုလိုကြောင်း ရွေးချယ် တောင်းဆိုနိုင်ပါသည်။​​

  • အကြားအာရုံ သို့မဟုတ် စကားပြောဆိုမှုတွင် အခက်အခဲရှိသူများသည် မိမိတို့နှင့်ကိုက်ညီမည့် ကြားခံနည်းလမ်းကို ရွေးချယ်နိုင်ရန် National Relay Service ၏ ဝက်ဘ်ဆိုက်ဖြစ်သော About the National Relay Service သို့ အရင်ဆုံး ဝင်ရောက်ကြည့်ရှု၍ Healthdirect သို့ ခေါ်ဆိုပေးရန် တောင်းဆိုပါ။​​

  • ဒဏ်ရာ ပြင်းထန်လျှင်ဖြစ်စေ၊ အသည်းအသန် ဖျားနာလျှင် ဖြစ်စေ၊ အသက်အန္တရာယ်ရှိသည့် အရေးပေါ် အခြေအနေတွင် ဖြစ်စေ သုညသုံးလုံး (000) သို့ ဖုန်းခေါ်ဆို၍ လူနာတင်ယာဉ်ခေါ်ခြင်း သို့မဟုတ် အရေးပေါ်ဌာနသို့ သွားခြင်းတို့ ပြုလုပ်သင့်သည်။

    အသက်အန္တရာယ်စိုးရိမ်ရသည့် အရေးပေါ် အခြေအနေများတွင် အောက်ပါတို့ ပါဝင်သည် -

    • ရုတ်တရက် လဲကျခြင်း၊
    • ၁၀ မိနစ်ကျော်ကြာအောင် ရင်ခေါင်း အောင့်ခြင်း သို့မဟုတ် နာကျင်ခြင်း
    • အသက်ရှုရ ခက်ခဲခြင်း၊
    • သွေးထွက်လွန်ခြင်း၊
    • စိုးရိမ်ရသည့် စိတ်ကျန်းမာရေး အခြေအနေများ၊​
  • စကားပြန် ရရှိနိ်ုင်ပါသည်။ စကားပြန် တောင်းခံသူများ သို့မဟုတ် လိုအပ်သူများအတွက် စကားပြန်ဝန်ဆောင်မှုကို အခမဲ့ ရယူနိုင်ပါသည်။

    healthdirect သို့ ဖုန်းခေါ်ဆို၍ urgent care ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ စကားပြန်အကူအညီ ရယူရန် TIS ပြည်တွင်း စကားပြန်ဝန်ဆောင်မှု ဖုန်းနံပါတ် 131 450 သို့ အရင် ဖုန်းခေါ်ဆိုပြီး healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ ခေါ်ဆိုပေးရန် တောင်းဆိုပါ။

    healthdirect သည် ဖုန်းခေါ်ဆိုသူအား urgent care ဝန်ဆောင်မှုသို့ ဖုန်း သို့မဟုတ် ဗွီဒီယို ခေါ်ဆိုမှုဖြင့် ချိတ်ဆက်ပေးလျှင် စကားပြန်အား ဖုန်းခေါ်ဆိုသူနှင့် တိုက်ရိုက်လွှဲပြောင်းပေးခြင်းကို ဖြစ်စေ၊ ဖုန်း သို့မဟုတ် ဗွီဒီယို ခေါ်ဆိုမှုတွင် စကားပြန်အား ဖုန်းခေါ်ဆိုသူနှင့်အတူ ချိတ်ဆက်ထားရန် healthdirect က စီစဉ်ခြင်းကိုဖြစ်စေ ဆောင်ရွက်သွားမည် ဖြစ်သည်။

    healthdirect သည် ဖုန်းခေါ်ဆိုသူအား urgent care ဝန်ဆောင်မှုသို့ လူကိုယ်တိုင် ချိတ်ဆက်ပေးလျှင် စကားပြန်လိုအပ်ကြောင်း ဝန်ဆောင်မှုဌာနအား အသိပေးသွားမည် ဖြစ်သည်။ ထိုအခါ urgent care ဝန်ဆောင်မှုက ဖုန်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စကားပြန်တစ်ဦး အချိန်မီရရှိအောင် စီစဉ်ပေးရမည့် တာဝန်ရှိသည်။

  • အမြန်ဆုံး ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့် ကျန်းမာရေးကိစ္စများအတွက် ကုသမှုနှင့် အကြံပေးမှုများ ပြုလုပ်ပေးသည့် urgent care ဝန်ဆောင်မှုကို လူကိုယ်တိုင် ဖြစ်စေ၊ အွန်လိုင်းမှ ဖြစ်စေ မတူညီသော နည်းလမ်းများဖြင့် ရရှိနိုင်ပါသည်။

    လူကိုယ်တိုင်ပေးသည့် urgent care ဝန်ဆောင်မှု အချို့တွင် အသက်အန္တရာယ် မစိုးရိမ်ရသည့် ဖျားနာမှုနှင့် ထိခိုက်ဒဏ်ရာရှိမှု အများအပြားကို ကုသပေးရန် ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများ ထားရှိပေးထားပါသည်။ လူကိုယ်တိုင်ပေးသည့် urgent care ဝန်ဆောင်မှု အချို့တွင်လည်း ကျန်းမာရေးအာမခံကတ် ကိုင်ဆောင်ထားသူများနှင့် ရပ်ရွာအခြေပြု ခိုလှုံခွင့် တောင်းခံထားသူများအတွက် ဓာတ်မှန်နှင့် ရောဂါဗေဒဆိုင်ရာ ဝန်ဆောင်မှုများကို အခမဲ့ ဆောင်ရွက်ပေးပါသည်။

    အွန်လိုင်းမှပေးသည့် urgent care ဝန်ဆောင်မှုတွင် ပြည်သူများအား urgent care အတွက်လိုအပ်သော ကုသမှုနှင့် အကြံပြုချက်များ ပေးနိ်ုင်သည့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဖုန်း သို့မဟုတ် ဗွီဒီယို ခေါ်ဆိုမှုဖြင့် အဝေးမှနေ၍ ချိတ်ဆက်ပေးပါသည်။ အဆိုပါ  ကျွမ်းကျင်သူများတွင် ပြည်သူများ၏ အခြေအနေကို ဆန်းစစ်ပြီး သင့်တော်သည့် ပြုစုကုသမှုနှင့် အကြံပြုချက်များ ရရှိစေရန် ကူညီပေးနိုင်သည့် ဆရာဝန်နှင့် သူနာပြုများ ပါဝင်ပါသည်။​​

  • မည်သူမဆို healthdirect ဖုန်းနံပါတ် 1800 022 222 သို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်ပြီး သတင်းအချက်အလက်များနှင့် အကြံပြုချက်များ ရယူခြင်း သို့မဟုတ် urgent care ဝန်ဆောင်မှု အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုသို့ ချိတ်ဆက်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

    urgent care ဝန်ဆောင်မှုတွင် ကျန်းမာရေး ကတ် ကိုင်ဆောင်ထားသူများနှင့် ရပ်ရွာအခြေပြု ခိုလှုံခွင့် တောင်းခံထားသူများကို အခမဲ့ ကုသပေးပါသည်။​

  • urgent care ဝန်ဆောင်မှုဌာနများကို အစိုးရ ရုံးပိတ်ရက်များ အပါအဝင် နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ပုံမှန် ဖွင့်လှစ်ပေးလျက်ရှိသည်။ အွန်လိုင်းမှ ပေးအပ်သည့် urgent care ဝန်ဆောင်မှုအချို့ကို ၂၄ နာရီ/ ၇ ရက်ပတ်လုံး ရရှိနိိုင်ပါသည်။

    Urgent care ဝန်ဆောင်မှုကို ရယူရန် Healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ ဖုန်းခေါ်ဆိုခြင်းအားဖြင့် မိမိတို့ ရပ်ရွာဒေသရှိ သင့်တော်သော ဝန်ဆောင်မှုဌာနနှင့် ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။

    Healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ ၂၄ နာရီ/ ၇ ရက်ပတ်လုံး ဖုန်းခေါ်ဆိုနိုင်ပါသည်။​

  • NSW အစိုးရသည် NSW ပြည်နယ် တစ်ဝှမ်းတွင် ၂၀၂၅ ခုနှစ် နှစ်လယ်၌ လုပ်ငန်း စတင်လည်ပတ်မည့် urgent care ဝန်ဆောင်မှု ဌာန ၂၅ ခုကို အကောင် အထည်ဖော်ရန် ရန်ပုံငွေ ကျခံပေးလျက်ရှိသည်။ ယင်း ဝန်ဆောင်မှုများကို မြို့ကြီးများ၊ ခရိုင်များနှင့် ကျေးလက် ဒေသများ အနှံ့ ဖြန့် ပေးသွားမည် ဖြစ်သည်။

    လူကိုယ်တိုင် ပြုလုပ်ပေးသည့် အဆိုပါ ဝန်ဆောင်မှုများ အပြင် ပြည်နယ်တစ်ဝှမ်းတွင် urgent care ဝန်ဆောင်မှု နှစ်ခုကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိသည် -

    • အွန်လိုင်း အထွေထွေရောဂါကု ဆရာဝန်ဆိုင်ရာ Urgent care ဝန်ဆောင်မှု - အထွေထွေရောဂါကု ဆရာဝန်များ(GPs)နှင့် အွန်လိုင်းမှတစ်ဆင့် ပြသနိုင်ရန် ဆောင်ရွက်ပေးပါသည်။
    • virtualKIDS urgent care ဝန်ဆောင်မှု - ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများအား ကလေးအထူးကု ဆရာဝန်များနှင့် ကလေး ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင် သူနာပြုများနှင့် အွန်လိုင်းမှတစ်ဆင့် ပြသနိုင်ရန် ဆောင်ရွက်ပေးပါသည်။
    NSW ရှိ နေရာ အတော်များများတွင် ဖော်ဆောင်လျက်ရှိသည့် Medicare Urgent Care Clinics များမှ တစ်ဆင့် NSW တွင် urgent care ပေးနိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုများကို အကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေ ချထားပေးရန် ဩစတြေးလျအစိုးရက ကတိပြုထားပြီးလည်း ဖြစ်သည်။​

  • healthdirect သည် ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်းနှင့် အကူအညီပေးရေး တယ်လီဖုန်းလိုင်းများမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် အကြံပြုချက်များ ပေးအပ်နေသော အစိုးရက ရန်ပုံငွေ ကျခံပေးထားသည့် ဝန်ဆောင်မှု ဖြစ်သည်။

    healthdirect သည် ပြည်သူများ မိမိတို့၏ ကျန်းမာရေးကို ဂရုစိုက်နိုင်ရန် အထောက်အကူပြုပြီး urgent care ဝန်ဆောင်မှုများ အပါအဝင် သို့သော် ထိုအရာများသာမက ကျန်းမာရေးပြဿနာများကို သင့်လျော်သည့် နေရာတွင် မှန်ကန်သည့် ပြုစုကုသမှုခံယူရန် ချိတ်ဆက်ပေးသည်။

    healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်ပတ်လုံး အခမဲ့ ခေါ်ဆိုနိုင်ပါသည်။

    ဖုန်းခေါ်ဆိုသူများသည် မှတ်ပုံတင်ထားသည့် သူနာပြုနှင့် စကားပြောဆိုရမည် ဖြစ်ပြီး ၎င်းတို့၏ အခြေအနေများနှင့် ပတ်သက်၍ သူနာပြုက မေးခွန်းအချို့ မေးမြန်းကာ ၎င်းတို့၏ အခြေအနေနှင့် ကိုက်ညီသော စောင့်ရှောက်မှုပေးနိုင်မည့် သင့်တော်သည့် နေရာနှင့် တည်နေရာတို့ကို လမ်းညွှန်သွားမည် ဖြစ်သည်။ ၎င်းတို့တွင် အောက်ပါ အချက်များ ပါဝင်မည် ဖြစ်သည် -

    • လူနာ၏ ပုံမှန် ပြသနေကျ အထွေထွေရောဂါကုဆရာဝန်(GP) အပါအဝင် ဒေသတွင်းတွင် ရရှိနိ်ုင်သည့် အခြားသင့်တော်သော ကျန်းမာရေး ဝန်ဆောင်မှုကို အသုံးပြုရန် အကြံပေးခြင်း၊
    • ဒေသဆိုင်ရာ Urgent care ဝန်ဆောင်မှုတွင် ကြိုတင်ချိန်းဆိုချက် ပြုလုပ်ပေးခြင်း၊
    • ဖုန်းခေါ်ဆိုသူအား အထွေထွေရောဂါ ကုဆရာဝန် (GP) သို့မဟုတ် ကလေး ကျန်းမာရေးဆိုင်ရာ သူနာပြုကဲ့သို့ ကျန်းမာရေး ပညာရှင် နှင့် ဖုန်း သို့မဟုတ် ဗွီဒီယို ခေါ်ဆိုမှု မှတစ်ဆင့် ချိတ်ဆက်ပေးခြင်း၊
    • ကျန်းမာရေးပြဿနာ တစ်ခုခုကို အိမ်တွင် ဘေးအန္တရာယ်ကင်းစွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အကြံပြုချက်များနှင့် ပံ့ပိုးကူညီမှုများ ပြုလုပ်ခြင်း၊
    • လိုအပ်လျှင် လူနာတင်ယာဉ် ခေါ်ပေးခြင်း သို့မဟုတ် လူနာအား အနီးဆုံး အရေးပေါ်ဌာနသို့ လမ်းညွှန်ပေးခြင်း၊​

  • NSW နယ်စပ်ဒေသ အနီးတွင် နေထိုင်သူများအတွက်-

    NSW ပြင်ပရှိ သြစတြေးလျ ပြည်နယ်များနှင့် နယ်မြေများတွင် နေထိုင်သည့် သို့မဟုတ် အလည်အပတ် ရောက်ရှိနေသည့် ပြည်သူအချို့ အနေဖြင့် NSW ပြည်နယ်အတွင်းရှိ Urgent care ဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။ NSW နယ်စပ်ဒေသ အနီးတွင် နေထိုင်သူများကဲ့သို့ အမြန်ဆုံး ဆေးဝါးကုသမှုခံယူရန် လိုအပ်သောကြောင့် Healthdirect ၏ ဖုန်းနံပါတ် 1800 022 222 သို့ ဖုန်းခေါ်ဆိုသူများအား ဖြစ်နိုင်လျှင် NSW ပြည်နယ်အတွင်းရှိ ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးသွားမည် ဖြစ်သည်။

    အခြား သြစတြေးလျ ပြည်နယ်များနှင့် နယ်မြေများတွင် နေထိုင်သူများအတွက်-

    ကွင်းစလန်းပြည်နယ်မှအပ သြစတြေးလျ ပြည်နယ်နှင့် နယ်မြေအားလုံးတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် healthdirect (ဗစ်တိုးရီးယား ပြည်နယ်တွင် NURSE-ON-CALL ဟု ခေါ်ဆိုသည်) ဖုန်းနံပါတ် 1800 022 222 သို့ ဖုန်းခေါ်ဆိုနိုင်ပြီး ၎င်းတို့အား ဒေသတွင်းတွင် ရရှိနိုင်သော သင့်တော်သည့် ကျန်းမာရေးဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

    ကွင်းစလန်းပြည်နယ်တွင် နေထိုင်သည့် သို့မဟုတ် အလည်အပတ် ရောက်ရှိနေသည့် ပြည်သူများအနေဖြင့်  မှတ်ပုံတင်ထားသော သူနာပြုနှင့် စကားပြောဆိုရန် 13 HEALTH (13 43 25 84) သို့ တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်ပတ်လုံး ဖုန်းခေါ်ဆိုနိုင်ပါသည်။

    သြစတြေးလျ ပြည်နယ်နှင့် နယ်မြေအားလုံးတွင် Medicare Urgent Care Clinics များလည်း ရှိပါသည်။​

  • ဝန်ဆောင်မှု ရရှိနိုင်ပါသည်။ NSW ပြည်နယ်တွင် urgent care ဝန်ဆောင်မှုမျိုးစုံ ရှိပါသည်။ ဝန်ဆောင်မှု အများအပြားကို အသက်အရွယ်မရွေး ရယူနိုင်ပါသည်။
    အချို့မှာ သက်ကြီးရွယ်အိုများအတွက် အထူးဝန်ဆောင်မှုပေးနိုင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။
    virtualKIDS urgent care ဝန်ဆောင်မှုသည် အထူးအားဖြင့် အသက် ၁၅ နှစ်အရွယ်အထိ ကလေးများအတွက် urgent care ပေးနိုင်ရန် တည်ထောင်ထားခြင်း ဖြစ်သည်။
    Healthdirect မှ တစ်ဆင့် urgent care ဝန်ဆောင်မှု ရယူရာတွင် ပြည်သူများအား ၎င်းတို့၏ အခြေအနေ၊ တည်နေရာနှင့် အသက်အရွယ်အလိုက် အသင့်တော်ဆုံးဖြစ်မည့် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ပေးပါသည်။​
  • ခေါ်ဆို၍ ရပါသည်။ Healthdirect သို့ အသက်အရွယ်မရွေး ဖုန်းခေါ်ဆိုနိုင်ပါသည်။
    အသက် ၁၆ နှစ်အောက် ကလေးများက Healthdirect သို့ ဖုန်းခေါ်ဆိုလျှင် ပုံမှန်အားဖြင့် သူနာပြုက မိမိနှင့် စကားပြောဆိုရန် လူကြီးတစ်ယောက် ရှိ၊ မရှိ မေးမြန်းသွားမည် ဖြစ်သည်။ လူကြီးမရှိလျှင် ဖြစ်စေ၊ သီးသန့်ပြောဆိုလိုကြောင်း ကလေးက တောင်းဆိုလျှင် ဖြစ်စေ ၎င်းတို့၏ အခြေအနေ၊ တည်နေရာနှင့် အသင့်တော်ဆုံးဖြစ်မည့် ကျန်းမာရေးစောင့် ရှောက်မှုကို ဆုံးဖြတ်နိုင်ရန် သူနာပြုက ကလေးအား မေးခွန်းများ မေးမြန်းသွားမည် ဖြစ်သည်။ ထို့နောက် သူနာပြုက ကလေး၏ အသက်အရွယ်နှင့် သင့်တော်မည့် ကျန်းမာရေး သတင်းအချက်အလက်များနှင့် အကြံပြုချက်များပေးခြင်း သို့မဟုတ် ၎င်းတို့အတွက် ရရှိနိ်ုင်သည့် အသင့်တော်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ချိတ်ဆက်ပေးခြင်းတို့ ပြုလုပ်သွားမည် ဖြစ်သည်။​
  • ကျန်းမာရေးဌာနသည် ကျန်းမာရေးဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ကိုယ်ရေးအချက်အလက်များကို အထူးအလေးထား ထိန်းသိမ်းကာကွယ်လျက်ရှိပြီး လူနာများ၊ ဝန်ထမ်းများနှင့် အခြား တတိယ လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးကိုယ်တာ အခွင့်အရေးများကို လေးစား၍ ထိန်းသိမ်းကာကွယ်ရန် ဥပဒေအရ တာဝန်ရှိပါသည်။

    NSW ကျန်းမာရေးဌာနနှင့် ၎င်းက ပေးအပ်လျက်ရှိသော ကျန်းမာရေးဝန်ဆောင်မှုများသည် NSW Health website ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ပုဂ္ဂလိကလုံခြုံရေး ဥပဒေဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် မူဝါဒ များတွင် အကျုံးဝင်ပါသည်။​​

  • အသက်အန္တရာယ် မစိုးရိမ်ရသည့် ကျန်းမာရေးကိစ္စများအတွက် အရေးပေါ်ဌာနအစား urgent care ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် ပြည်သူများသည် အလုပ်များသော အရေးပေါ်ဌာနများတွင် စောင့်ဆိုင်းနေစရာ မလိုဘဲ ၎င်းတို့အတွက် လိုအပ်သည့် ဆေးဝါးကုသမှု ခံယူနိုင်မည် ဖြစ်သည်။

    လူကိုယ်တိုင်ပေးသည့် urgent care ဝန်ဆောင်မှု အချို့တွင် ကျန်းမာရေး ကတ် ကိုင်ဆောင်ထားသူများနှင့် ရပ်ရွာအခြေပြု ခိုလှုံခွင့် တောင်းခံထားသူများအတွက် ဓာတ်မှန်နှင့် ရောဂါဗေဒဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ အဆိုပါ ဝန်ဆောင်မှုများကို လိုအပ်နေသူများ အနေဖြင့် မိမိတို့၏ ဖျားနာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာကို တစ်နေရာတည်းတွင် မြန်မြန်ဆန်ဆန် ကုသမှု ခံယူနိုင်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။​

  • healthdirect သို့မဟုတ် Urgent care ဝန်ဆောင်မှုထံမှ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးနိုင်ရန် အီးမေးလ် သို့မဟုတ် စာတိုပေးပို့မှုမှတစ်ဆင့် ဆက်သွယ်သွားမည် ဖြစ်သည်။

    urgent care ဝန်ဆောင်မှုကို ရယူနေစဉ် လူနာ ပို၍ ဖျားနာ လာပါက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် သူနာပြုများသည် ၎င်းတို့၏ အခြေအနေကို အမြန်ဆုံး စမ်းသပ်စစ်ဆေး၍ အသက်န္တရာယ်ရှိသည့် အခြေအနေဖြစ်လျှင် အရေးပေါ်ဌာနသို့ ပို့ဆောင်ရေး စီစဉ်ခြင်း အပါအဝင် အကောင်းဆုံး စောင့်ရှောက်ကုသမှု ပေးနိုင်မည့် နေရာကို ဆုံးဖြတ်သွားမည် ဖြစ်သည်။

    လူနာများနှင့် လူနာစောင့်များ အနေဖြင့် သုညသုံးလုံး(000) သို့ အချိန်မရွေး ဖုန်းခေါ်ဆိုနိ်ုင်ပါသည်။​​

  • နောက်ထပ် သတင်းအချက်အလက်များနှင့် အရင်းအမြစ်များ

    healthdirect သို့မဟုတ် Urgent care ဝန်ဆောင်မှုထံမှ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများနှင့် ပတ်သက်၍ သဘောထားမှတ်ချက်ပေးနိုင်ရန် အီးမေးလ် သို့မဟုတ် စာတိုပေးပို့မှုမှတစ်ဆင့် ဆက်သွယ်သွားမည် ဖြစ်သည်။

    NSW ကျန်းမာရေးဌာန သို့မဟုတ် Healthdirect သို့ တိုက်ရိုက် သဘောထားမှတ်ချက်ပေးလိုသူများ အနေဖြင့် အောက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်နိုင်ပါသည် -

    Urgent care ဝန်ဆောင်မှုမှ ရရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ သဘောထားမှတ်ချက် (ချီးမွမ်းစကား၊ အကြံပြုချက် သို့မဟုတ် တိုင်ကြားချက်) ပေးရန်အတွက် NSW Health feedback website. ဝက်ဘ်ဆိုက်မှ တစ်ဆင့် သင်၏ အတွေ့အကြုံများကို ကျွန်ုပ်တို့ထံ ပြောကြားနိုင်ပါသည်။

    healthdirect ဝန်ဆောင်မှုနှင့် ပတ်သက်၍ သဘောထားမှတ်ချက် (ချီးမွမ်းစကား၊ အကြံပြုချက် သို့မဟုတ် တိုင်ကြားချက်) ပေးရန် ဤ  website ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုပါ။​

  • Urgent care ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကို ဘာသာစကားပေါင်းစုံဖြင့် NSW Health website ဝက်ဘ်ဆိုက်မှတစ်ဆင့် NSW ပြည်နယ်အတွင်း မျှဝေပေးလျက် ရှိပါသည်။

    Urgent care ဝန်ဆောင်မှုနှင့် ပတ်သက်သည့် နောက်ထပ် သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကို အင်္ဂလိပ်ဘာသာဖြင့် NSW Health website ဝက်ဘ်ဆိုက်မှတစ်ဆင့် NSW ပြည်နယ်အတွင်း မျှဝေပေးလျက် ရှိပါသည်။

Current as at: Thursday 14 December 2023
Contact page owner: System Purchasing